MNP - ဧပြီ ၁၁
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သွားရောက်စစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင် ထွန်းနှင့် ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များတို့က ပေါင်မြို့၊ ကဒါရပ်ကွက်ရှိ "စိုးမိုးစံ" စက်သုံးဆီ အရောင်းဆိုင်၌ ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အရန်သင့်ပြင်ဆင်ထားရှိရေး၊ အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံချက်ရေးဆွဲထားရှိမှု အခြေအနေ၊ စက်သုံးဆီသိုလှောင်ကန်များအား မီးဘေးအန္တရာယ်မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှုအခြေအနေ၊ မီးသတ်ရေကန်များ အရန်သင့် ရေအပြည့်ရှိစေရေး၊ လျှပ်စစ်ဝါယာကြိုးများ ဝါယာရှော့ကြောင့် မီးလောင်မှုမရှိစေရေးတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုကိုဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment