ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ



MNP -  ဧပြီ   ၄

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စု ကျေးရွာများရှိ ရဟန်းသံဃာတော်များ သီလရှင်များ သာသနာ့ဝန်ထမ်းများ သက်ကြီးဘိုးဘွားများ နိုင်ငံ့ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ အသက်(၁၈)နှစ်အထက်ပြည်သူများ အသက် (၁၂) နှစ်ပြည့်ပြီး ကျောင်းနေ အရွယ်ကလေးများ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများအားလုံးထိုးနှံနိုင်ရေး တစ်ဦးတစ်ယောက်မကျန်ရှိစေရေးအတွက် စဉ်ဆက်မပြတ် အလေးအနက်ထားကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ရေပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည် နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ဇမိခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စီမံကြီးကြပ်လျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးက ဦးဆောင်စီမံကြီးကြပ်၍ ကျန်းမာ‌ရေးသူနာပြု ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ကျေးရွာများမှ အလေးအနက်ထား လာရောက်ထိုးနှံ လျက်ရှိသည့် မိဘပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်မှု အနီးကပ်ကြီးကြပ်လျက် စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ကျေးရွာအုပ်စု (၄၄)အုပ်စု၊ ကျေးရွာပေါင်း (၂၄၃) ရွာရှိပြီး ကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူ (၁၆၃၁၄၂)ဦးရှိသော်လည်း (၁၁၀၂၁၆) ဦးမှာ နယ်မြေဒေသအခြေအနေများကြောင့် သွားရောက်ထိုးနှံပေးနိုင်မှုမရှိခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းစုရပ်ဌာနများသို့ လာရောက်ထိုးနှံမှုမရှိခြင်းဖြစ်ပြီး မြို့နယ်အတွင်း၌ အဆိုပါကာကွယ်ဆေးကို (၅၂၉၂၆) ဦးထိုးနှံပေး နိုင်ခဲ့ပြီး ယခုလ ဧပြီလကုန်အထိ ကာကွယ်ဆေးအမှန်ထိုးနှံရမည့် ထပ်မံလျာထားချက် လူဦးရေမှာ ( ၆၇၉၂၆ ) ဦးဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ အသက်(၁၈)နှစ် နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး ပြီးစီးမှုမှာ သွားရောက်ထိုးနှံပေးနိုင်ခြင်းနှင့် လာရောက်ထိုးနှံမှု လူဦးရေအရ ( ၉၀. ၂၃ % ) ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

သတင်း - မျိုးမင်းဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)