မီးဘေးကြိုတင်ကာကွယ်ရေးအသိပ ညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မီးဘေးကြိုတင်ကာကွယ်ရေးအသိပ ညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ




MNP - ဧပြီ   ၂၄

မန္တလေး၊အောင် မြေသာစံမြို့နယ်၊ အိုးဘိုရွှေ ကျင်ရပ်ကွက်ရှိ မန္တလေးဗဟိုအကျဉ်းထောင် ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးချိုဝင်းထွန်း၏ လမ်းညွှန်မှုဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြပွဲအခမ်းအနားကျင်းပပြုလုပ်ရာ မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးချွန်၊ ဒုတိယထောင်တာဝန်ခံ အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်သူ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်ခိုင်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးစိုးသူရိန်ဖြိုးနှင့် သန္ဓေမီး သတ်တပ်ဖွဲ့ ဝင်များ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးချွန်က အဖွင့်အမှာစကားပြောကြားပြီး၊ ဦးစီးအရာရှိ ဦးမြင့်ခိုင်က မီးလောင်မှုဖြစ် ပွားရသည့် အခြေခံအကြောင်း၊ မီးသတ်သမား သုံးမျိုး သုံးစားအကြောင်းနှင့် မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြုနည်းကိုလည်းကောင်း၊ ရုံးဌာနများ ဖြစ်သည့်အတွက်အရေးအပေါ် အစီအမံများ ရှိထားသင့်သည့် အခြေအနေ၊ မီးသတင်းပေးပို့မှု အရေးပေါ်ဖုန်းနံပါတ်များနှင့် မီး‌‌ဘေးအန္တရာယ် ကာကွယ်ရေးလူတိုင်းသိထား သင့်သည့် အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပြီး ဝန်ထမ်းများအား မီးသတ်ဆေးဗူးနှင့် မီးငြှိမ်း သတ်ယာဉ်တို့ဖြင့် မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြသခြင်းများဆောင်ရွက်ပေးခြင်းနှင့် မီးဘေး လုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များကို (အခမဲ့)ဝေငှပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)