MNP - ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဝါးခယ်မမြို့နယ် မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုရှိ/မရှိ စစ်ဆေး၍ တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသူများအား ကာကွယ်ဆေးထိုးရန်နှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများလည်း လာရောက်ထိုးနှံနိုင်ကြာင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေးအတွက် အများပြည်သူသွားလာရာ ဝါးခယ်မမြို့နယ် မြို့အဝင်/ထွက်စစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment