Pages

Pages

ပေါက်ခေါင်းမြို့၌ နွေရာသီအေရိုးဗစ် အားကစားသင်တန်းဖွင့်လှစ်



MNP -  ဧပြီ  ၁၉

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစေရန်နှင့် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီအေရိုးဗစ် အားကစားသင်တန်းကို ယနေ့နံနက် ၉ နာရီက အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အေရိုးဗစ် အားကစားသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပညာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ သင်တန်းနည်းပြဆရာမများ ဦးဆောင်၍ အေရိုးဗစ်သင်တန်းကို သင်ကြားပေးခဲ့ရာ သင်တန်းကာလမှာ ဧပြီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိအခြေခံ‌ အေရိုးဗစ်အားကစား နည်းကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment