Pages

Pages

ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးများ ဆက်လက်ထိုးနှံပေး



MNP -  ဧပြီ   ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ထိုးနှံရန်မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅)လမ်းထိပ်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်‌‌ရေးမှူး ရုံးဟောင်းရှေ့ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်း၍ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးရာ Astra  Zeneca First Dose ထိုးနှံသူ (၁၁)ဦး၊  Astra Zeneca Booster Dose ထိုးနှံသူ (၂၈၉ )ဦး၊  စုစုပေါင်း (၃၀၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနေမှုကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦး‌ကျော်ဇာနည်လွင်ကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီးစစ်‌ ဆေးပြီးကျန်းမာရေးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေးအတွက် အပူချိန်တိုင်းပေးခြင်း၊‌ သွေးပေါင်ချိန်‌ပေးခြင်းနှင့် ဆေးထိုးပြီးပါက နာရီဝက်ကြာ ခေတ္တနားစေခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

သတင်း - ရွှေဇင်ခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment