MNP - ဧပြီ ၁၁
နှစ်သစ်ကူးရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ကာလအတွင်း ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို ယနေ့ညဦးပိုင်းက တွေ့ရှိရသည်။
ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမြင့်မားနေချိန်ကာလအတွင်း ဘုရားဖူးချိန်အား စည်းကမ်းချက်များနှင့်အညီကန့်သတ်ထားရှိခဲ့ပြီး ယခုအခါရွှေဆံတော်စေတီတော်မြတ်ကြီးအား အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရန် နေ့စဉ်နံနက် ၅ နာရီမှ ည၉နာရီအထိ ဘုရားဖူးချိန်ပုံမှန်ပြန်လည်ဖွင့်လှစ်ထားရှိကြောင်းနှင့် ယခုနှစ်သစ်ကူးရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ကာလအတွင်း ဘုရားဖူးလာသူ များပြားကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
" ဒီရက်ပိုင်းတွေမှာ ဘုရားဖူးလာသူတွေများတယ်ဗျ။ ဘုရားဖူးချိန်ပုံမှန်ပြန်ဖွင့်ထားတာရယ်၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်လည်းဖြစ်တာကြောင့် အရင်ရက်တွေထက် ဘုရားဖူးပိုများလာတယ်"ဟု ရွှေဆံတော်ဘုရား၌ နေ့/ည ဓာတ်လှေခါးတာဝန်ထမ်းဆောင်သူတစ်ဦးက ပြောကြားသည်။
သတင်း - ကိုဆက်
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment