သောက်ရေနှင့် သုံးရေအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေကုသိုလ်ပြုလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သောက်ရေနှင့် သုံးရေအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေကုသိုလ်ပြုလှူဒါန်း



MNP -  ဧပြီ  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေနှင့်တပ်ဖွဲ့ဝင်များက သောက်ရေနှင့်သုံးရေများ အခက်အခဲကြုံနေရသည့် မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ မီးသတ်ရေယာဉ်ဖြင့် ရေများကို အခမဲ့ကုသိုလ်ပြုလှူဒါန်းပေးလျက်ရှိသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ပူပြင်းသည့် နွေရာသီအတွင်း သောက်သုံးရေအခက်အခဲရှိသည့် မြို့ပေါ်(ဃ)ရပ်ကွက်အတွင်း၌ တည်ရှိသော သကဦးဘုန်းတော်ကြီးကျောင်းနှင့် ဝင်းစိန်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေကြသော ဆရာတော်၊သံဃာတော်များ အသုံးပြုနိုင်စေရန်အတွက်ယမန်နေ့ နေ့လည်ပိုင်းအချိန်က ဘုရားစေတီတော်အား ရေသပ္ပါယ်ခြင်းနှင့် ရေစည်များအတွင်း ရေဖြည့်ပေးခြင်း ကုသိုလ်အလှူကို အခမဲ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

သတင်း - လင်းသန့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)