Pages

Pages

မိုးကုတ် မြို့နယ်၌ ပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ/မပါစစ်ဆေး




MNP -  ဧပြီ   ၆

မိုးကုတ်မြို့တွင် ယမန်နေ့ နေ့လည်(၂ )နာရီအချိန်က အထက( ၁) ကျောင်းရှေ့ လမ်းဆုံနေရာတွင် ခရီးသွားပြည်သူများအားလုံး နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ/မပါ စတင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းမင်းနိုင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားရုံးတို့မှ တာဝန်ရှိသူဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက မိုး ကုတ်မြို့  အထက(၁)ရှေ့၊လမ်းလေးဆုံနေရာတွင် ဆိုင်ကယ်၊ကားများနှင့် သွားလာနေကြသည့် ပြည်သူများအား  နိုင်ငံသား(မှတ်ပုံတင်)များကို ပြသစေပြီး မည်သူမဆို ခရီးသွားလာပါက နိုင်ငံသား (မှတ်ပုံတင်)ကတ် ယူဆောင်သွားစေရေး မမေ့လျော့ကြရန် မှာကြားစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

သတင်း - နန်းခွါညိုနှင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment