Pages

Pages

သရက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

 





MNP - ဧပြီ   ၂၅

 မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲ အခမ်းအနား ကျင်းပြုလုပ်ခဲ့သည်။

 အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက အမှာစကားပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် လယ်ယာ မြေ ကဏ္ဍအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သားငါးကဏ္ဍ အတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သစ်တောကဏ္ဍအတွက် မြို့နယ်သစ်တော ဦးစီးဌာန၊ လျှပ်စစ်ကဏ္ဍအတွက် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဆောက်လုပ်မှု ကဏ္ဍအတွက် မြို့နယ် လမ်းဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ သည်။

 ဆက်လက်၍ သရက်မြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ မြို့နယ်ဦးစီးမှူးဒေါ်နှင်းယုခိုင်က ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

သတင်း - ဇော်ဝမ်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

 


No comments:

Post a Comment