Pages

Pages

ရွှေဘိုမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP - ဧပြီ   ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ရန်ကြီးအောင်ပန်းခြံရှေ့ ဗဟိုမဏ္ဍတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးက ၁၃၈၃ခုနှစ်၊ နှောင်းတန်းခူး လဆန်း(၁၃) ရက်၊ ယမန်နေ့တွင် ကျရောက်သော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြိုနေ့ နှစ်သစ် မိန့်ခွန်း အမှာစကားပြောကြားသည်။ ထို့နောက် မန်းတောင်ရိပ်ခိုသင်္ကြန် သီချင်းဖြင့် ဖွင့်ပွဲကို စတင်ပြီး ဖဲကြိုးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးဦး၊ ရွှေဘိုတပ်နယ်မှ ဗိုလ်မှူးကြီး အောင်အောင်နှင့် မြို့မိမြို့ဖဦးကိုကိုကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်တို့က ကြွရောက်လာကြသူများနှင့်  ယိမ်းပျိုဖြူလေးများအား သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင်ပက်ဖျန်းပေးကြသည်။

ဆက်လက်ပြီး ယိမ်းအကအဖွဲ့ ယိမ်းပျိုဖြူလေးများက မြနန္နာ၊ နွေအလှစသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သတင်း - စိုးသီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment