အုတ်တွင်းမြို့တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရန် ဗဟိုမဏ္ဍပ် တည်ဆောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရန် ဗဟိုမဏ္ဍပ် တည်ဆောက်

 


MNP -  ဧပြီ  ၁၀

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရန်အတွက် အုတ်တွင်းမြို့ ဗဟိုမဏ္ဍပ်ကို  ဓမ္မစေတီလမ်း၊ ဈေးရပ်ကွက်၌ ယမန်နေ့မှ စတင်၍ တည်ဆောက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ အုတ်တွင်းမြို့ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မိုးမိုးနိုင်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ယုနှင့် မဟာသင်္ကြန်မဏ္ဍပ် ဆောက်လုပ်ပြင်ဆင်ရေး ဆပ်ကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိပါသည်။

အုတ်တွင်းမြို့ မဟာသင်္ကြန်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်၏ အကျယ်အဝန်းမှ အလျား  ၃၀ ပေ၊ အနံ ၂၄ ပေ အမြင့် ၆ ပေ ဖြစ်ပြီး ဧပြီလ ၉ ရက်နေ့က စတင်၍ ဧပြီလ ၁၁ ရက်နေ့အပြီး ဆောင်လုပ်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)