Pages

Pages

သံတွဲမြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ပူဇော်









MNP ၊ ဧပြီ  ၁၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌သင်္ကြန်အကြိုနေ့တွင် ဘုရားစေတီပုထိုးများအားရေသပ္ပါယ်ပူဇော်ခြင်းကို ဧပြီ ၁၃ရက် သင်္ကြန်အကြိုနေ့နံနက် ၉နာရီက သံတွခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများ နှင့်  လှပျိုဖြူ အဖွဲ့များပူးပေါင်း၍  သမိုင်းဝင်တန်ခိုးကြီး ရွှေဆံတော်စေတီ ၊ရွှေအံတော်စေတီ နှင့်ရွှေနံတော်စေတီများသို့ လှည့်လည်ကာ ရေသပ္ပါယ်ပူဇော်ခဲ့ကြသည်။ 

ထိုသို့ နှစ်သစ်ကူး အတာသင်္ကြန်ကျရောက်တိုင်း ရခိုင်ပြည်သူများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ မိမိတို့ထံပါးတွင် ကျရောက်လျက်ရှိသည့် ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့်ပစ်မှားခဲ့သော အပျက်တို့ကို ပပျောက်စေရန်ရည်ရွယ်၍ မြတ်စွာဘုရားအား တောင်းပန်ဝန်ချကန်တော့၍ အမွှေးနံ့သာရေများဖြင့် ရေသပ္ပါယ်ပူဇော်ခဲ့ကြပြီးမှ အတာရေသဘင်ပွဲတော်ကိုပျော်ရွှင်စွာ ဆင်နွဲ့ကြကြောင်း ဆရာတော်ကြီးများ၏ ဟောချက်များအရသိသည်။


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment