မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများသွားရောက်လှူဒါန်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများသွားရောက်လှူဒါန်းပေး

 



MNP - ဧပြီ    ၁၂

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနသည် သောက်‌ရေသုံးရေအခက်အခဲရှသော မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ရေများ မပြတ်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က မြင်းမူမြို့ အနောက်ပိုင်းကွက်ရှိ ကံသာဘုန်းတော်ကြီးကျောင်းသို့ ရေများသွားရောက် လှူဒါန်းပေးပို့ခဲ့ကြောင်းသိရှိရသည်။

ယခုချိန်သည် အခါသင်္ကြန်ရက်ဖြစ်သည်နှင့်အညီ ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်းဘောင်သို့ ဝင်ရောက်သူများ များပြားလျက်ရှိရာ ဆရာတော်သံဃာတော်များအတွက် ရေလိုအပ်မှုများကို ဌာနပိုင်ရေသယ်ယာဉ်များဖြင့် ယခုကဲ့သို့ ပေးပို့လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျောဦးထံမှ သိရှိရသည်။

ဆက်လက်၍ အခြားကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရေလိုအပ်ချက်များရှိပါကလည်း ဆက်လက်လှူဒါန်းပေးပို့သွားမည်ဖြစ်ကြောင်းသိရှိရသည်။

သတင်း - အောင်စိုးဖေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)