နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်ရှိ အသက်-၁၂ နှစ်အထက် သံဃာတော်များအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်ရှိ အသက်-၁၂ နှစ်အထက် သံဃာတော်များအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံ




MNP - ဧပြီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်ရှိ အသက် ၁၂ နှစ်အထက် သံဃာတော်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က အဆိုပါစာသင်တိုက်၌ ထိုးနှံပေးခဲကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တိုးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လိုက်လံကြည့်ရှုကြည်ညိုခဲ့ကြပြီး လိုအပ်သည့်စီမံမှုများ ဆောင်ရွက်စေခဲ့ကြောင်း၊ စိန်ရတနာပရိယတ္တိစာသင်တိုက်ရှိ အသက် ၁၂ နှစ်အထက် သံဃာတော် (၂၉)ပါးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသော သံဃာတော်နှင့် သီလရှင်များကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)