Pages

Pages

နောင်ချိုမြို၌ မဟာသင်္ကြန်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး သီလခံယူဆောက်တည်ကုသိုလ်ယူသူများပြား



MNP - ဧပြီ   ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။     

နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများဖြစ်သော မြို့ဦးကျောင်း၊ ဟော်တော်ကျောင်း၊ ကတီပင်ကျောင်း၊ ကျောက်ဂူတောရကျောင်းနှင့် ဘုရားစေတီပုထိုးများသို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုဘိုးဘွားများနှင့် ဒေသခံပြည်သူများမှ ဘုရား၊ ကျောင်း၊ ကန်များသို့သွားရောက်ပြီး သင်္ကြန်ကာလအခါသမယ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဌာန်းတရားစီးဖြန်းခြင်းများ စိတ်အေးချမ်းသာစွာ ကောင်းမှုကုသိုလ် ပွားများအားထုတ်လျက်ရှိကြောင်း သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment