Pages

Pages

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အတာသင်္ကြန် နှစ်သစ်မင်္ဂလာကာလတွင် သံဃာတော်များအတွက် ဆန်၊ ဆီ၊ ဆား ကြက်သွန်များ ပေးအပ်လှူဒါန်း

 



  

          

MNP - ဧပြီ    ၁၃

မြန်မာလူမျိုး၊ တိုင်းရင်းသားများသည် နှစ်သစ်အတာသင်္ကြန် မင်္ဂလာအခါ သမယတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကို လှူဒါန်းပေးသည့် ဆွမ်း၊ ကွမ်းဝေယျာဝစ္စများ၊ ဘုရားကျောင်းကန်များသို့ သွားရောက်ကုသိုလ်ယူခြင်းများ ဆောင်ရွက်လျက်ရှိသည့် ရိုးရာယဉ်ကျေးမှု ဓလေ့၊ ထုံတမ်းအစဉ်အလာများရှိရာ ယနေ့ ၁၃၈၃ ခုနှစ်၊ နှောင်းတန်ခူးလဆန်း၊ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်အကြို မင်္ဂလာရက်နေ့တွင် သံဃာတော်များအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား ကြက်သွန်များကို ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို  ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြစေတီ (ရဲကျောင်း) စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီ (ရဲကျောင်း) စာသင်တိုက် ဆရာတော် ပဓါနနာယက အဂ္ဂမဟာပဏ္ဏိတ ဝိနယပါဠိပါရဂူ ဘဒ္ဒန္တဝိမလဗုဒိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညို၍ ဆရာတော် သံဃာတော်များအား လှူဘွယ်ပစ္စည်းများနှင့်  အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်၊၊

ထိုနောက် လှူဘွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချ အနုမောဒနတရား နာယူကြည်ညိုပြီး အခမ်းအနားကို ဗုဒ္ဗသာထနံ စိရံတိဠတုသုံကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားကိုပြီးမြောက်ခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလတွင် သံဃာတော်များ အတွက် လိုအပ်သည့် ပစ္စည်းလေးပါး ပြည့်စုံအဆင်ပြေစေရေး လှူဒါန်းဆောင်ရွက်ပေးလျက်ရှိသလို ယနေ့ မြစေတီ (ရဲကျောင်း) စာသင်တိုက်အတွက် ဆန်(၁၀)အိတ်၊ ဆီ(၁၀)ပုံး၊ ဆား (၁၀)အိတ်၊ ကြက်သွန်(၁၀)အိတ်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment