ငါးသိုင်းချောင်းမြို့၊ အ-ထ-ကရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့၊ အ-ထ-ကရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး



MNP - ဧပြီ    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-ကကျောင်းရှိ နိုဝင်ဘာလအတွင်း အသက်(၁၂)နှစ်ပြည့်ပြီး စာရင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ကို မတ်လ(၄)ရက်နေ့နှင့် (၁၅)ရက်နေ့ များတွင် ထိုးနှံဆောင်ရွက်ပေးပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ဆေးထိုးစုရပ်တွင် (ဒုတိယအကြိမ်)ကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါကျောင်းရှိ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းရှိ ဆရာ/ဆရာမများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးက အဆိုပါကျောင်းသား၊ ကျောင်းသူ(၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များ ပေးအပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်း - စိုးမင်းဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)