Pages

Pages

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလန် တစ်သိန်းခွဲကျော် လှူဒါန်းခဲ့ပြီးဖြစ်




MNP -  ဧပြီ    ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော အင်ကြင်းမြိုင် တဲတိုက်သို့ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်ပြီး သောက်သုံးရေ ဂါလန် (၁၆၀၀) သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း အကျိုးဆောင်များထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု အင်ကြင်းမြိုင်တဲတိုက်သို့ ရေဂါလန် ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများ အတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှလှူဒါန်း ပေးလျက်ရှိရာ ယခုသောက်သုံးရေ လှူဒါန်းသည့် အင်ကြင်းမြိုင်တဲတိုက်အတွက် သောက်သုံးရေဂါလန် ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ (၁၅၈၂၆၀) ဂါလန် ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်နေသော ကျေးလက်နေ ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment