Pages

Pages

သင်္ကြန်ကာလ အတွင်း ပြည်သူလူထုအဆင်ပြေစေရန်အတွက် အရေးပေါ်ဆေးကုသမှုလုပ်ငန်းများနှင့် ပုံမှန်ဆေးကုသ ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်စေရေး စီစဉ်ဆောင်ရွက်ထားရန် ပြည်ထောင်စုဝန်ကြီး မှာကြား


MNP ၊ ဧပြီ ၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ မွန်းလွဲ ပိုင်းတွင် ရှမ်းပြည်နယ် လားရှိုးမြို့ပြည်သူ့ဆေးရုံ ကုသဆောင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များကို ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်းနှင့် သွေးလှူဘဏ်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၍ သင်္ကြန်ကာလအတွင်း သွေးများပြတ်လပ်မှုမရှိရန် သွေးလှူရှင်များမှ လှူဒါန်းထား သည့်သွေးများကို စနစ်တကျထိန်းသိမ်းထားရန်အရေးကြီးပါကြောင်း၊ သင်္ကြန်ကာလ အတွင်း ပြည်သူလူထုအဆင်ပြေစေရန်အတွက် အရေးပေါ်ဆေးကုသမှုလုပ်ငန်းများနှင့် ပုံမှန်ဆေးကုသ ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်စေရေး စီစဉ်ဆောင်ရွက်ထားရန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Oxygen Plant သို့ သွား ရောက်၍ Oxygen ထုတ်လုပ်မှု၊ သုံးစွဲမှု အခြေအနေကို ကြည့်ရှုပြီး လိုအပ်လာသည့် အချိန်တွင် Oxygen လုံလောက်စွာ ရရှိနိုင်ရေးအတွက် ပုံမှန်ပြင်ဆင် ထိန်းသိမ်းထားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် RT-PCR ဓာတ်ခွဲခန်းသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲနမူနာများစမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment