Pages

Pages

တောင်ဥက္ကလာပမြို့နယ် ကမ္ဘောဇဘဏ်ခွဲ (၂၀) အတွင်းဝင်ရောက်လုယက်သူ ၇ဦးအား ဖမ်းမိ


MNP ၊ ဧပြီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊ သံသုမာလမ်းနှင့် မင်းရဲကျော်စွာ (၉) လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ (၂၀) အတွင်းသို့ဝင်ရောက်လုယက်သူ ၇ဦးအား ဧပြီ ၁၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ယနေ့ ဧပြီ ၁၀ရက်မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာ၊ ပိုးဖလံကွင်း၊ ဦးနိုင်ဝင်း လယ်တဲအတွင်း၌ တောင်ဥက္ကလာပမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ (၂၀) ကို ဝင်ရောက်လုယက်သူများရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့များက ပိတ်ဆို့ဖမ်းဆီးရာ ဟိန်းထက်ဇော် (ဘဏ်အတွင်းလုယက်မှုကျူးလွန်ရာတွင် ခေါင်းဆောင်သူ)၊ စည်သူ (ဘဏ်အတွင်းလုယက်မှုကျူးလွန်ရာတွင်ပါဝင်သူ)၊ ဟိန်းမင်းသန့် (ဘဏ်အတွင်းလုယက်မှုကျူးလွန်ရာတွင်ပါဝင်သူ)၊ သန်းဇော်ထွေး (ဘဏ်အတွင်းလုယက်မှုကျူးလွန်ရာတွင်ပါဝင်သူ)၊ လှိုင်ဘွားအောင် (ဘဏ်အတွင်းလုယက်မှုကျူးလွန်ရာတွင်ပါဝင်သူ)၊ ဇာနည်ထက်၊ ပြည့်ဖြိုးကျော်တို့အား လက်လုပ်သေနတ် (၁) လက်၊ ၁၂ ဗို့ကျည် (၅) တောင့်၊ မီးခိုးဗုံး (၁) လုံး၊ ဒရုန်း (၂) ခု၊ ငွေကျပ် (၁၂၅) သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက် သံသုမာလမ်းနှင့် မင်းရဲကျော်စွာ (၉)လမ်းထောင့်ရှိ KBZ ဘဏ်ခွဲ(၂၀)သို့ ဧပြီ ၆ရက် မွန်းလွဲပိုင်းတွင် အမည်မသိ လူငယ်(၉)ဦးရောက်ရှိလာပြီး ဘဏ်ဝန်ထမ်းများနှင့် ဘဏ်သို့ ငွေအထုတ်အသွင်း ပြုလုပ်ရန်ရောက်ရှိလာသည့် လူ(၁၀)ဦးတို့၏ ဖုန်းများအား လိုက်လံသိမ်းဆည်းကာ ကောင်တာအပေါ် အလယ်နှင့်အတွင်းရှိ စားပွဲပေါ်မှ ငွေစက္ကူ သိန်း(၂၁၇၀) ကျပ်အား အသင့်ပါလာသည့် လက်ကိုင်ပါသော ပီနံအိတ် (၂)လုံးအတွင်းသို့ ထည့်ကာ ယူဆောင်ထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment