Pages

Pages

ကော့မှူး၌ ပါဠိပထမပြန်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေး

MNP - ဧပြီ   ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်‌နေ့မွန်းလွဲ ၂ နာရီက မကျီးကန်ကျေးရွာ မင်္ဂလာကန်ဦးကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာနမောတဿ(၃)ကြိမ်ရွတ်ဆို၍ ညှိနှိုင်းဆွေးနွေးပွဲအား စတင်ခဲ့ပြီး မြို့နယ်သံဃ နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာစက္ကက အဖွင့်‌ဩဝါဒစကား မြွက်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ပါဠိပထမပြန် စာမေးပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် သာသနာ‌‌ရေးဆိုင်ရာများအား လျှောက်ထားခဲ့ကြောင်းသိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက်တွင် မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ အစည်းအဝေးသို့ ကော့မှူးမြို့နယ်အတွင်းမှ ဆရာ‌ဩဝါဒဆရာတော်များ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာစက္ကနှင့် ဆရာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - ကျော်သူရ

မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment