MNP - ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသော ပုဂံမြို့ မုန်တိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ နံနက် ၁၀ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
အဆိုပါ မုန်တိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသည် ပုဂံမြို့တွင်ရှိပြီး နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးနေခြင်းကြောင့် စဉ့်ကူနယ်မြေမီးသတ်စခန်း အနေဖြင့် မိမိဌာနလုပ်ငန်း များအပြင် ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ကျေးလက်နေပြည်သူများ၊ ဘုန်းတော်ကြီး ကျောင်းများမှ သောက်သုံးရေ အကူညီတောင်းခံလာခြင်းကြောင့် ညောင်ဦးမြို့နယ် မီးသတ် ဦးစီးဌာနပိုင် မီးသတ်ရေသယ်ယာဉ်ဖြင့် မုန်တိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် ရေဂါလံ (၁၆၀၀)၊ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြား၍ သိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment