မိုင်းခုတ်မြို့၌ လယ်မြေဧက(၁၂၀)ကို စိုက်ပျိုးရေရရှိရေး မယ်သိန်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ် ရာနှုန်းပြည့်တည်ဆောက်ပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းခုတ်မြို့၌ လယ်မြေဧက(၁၂၀)ကို စိုက်ပျိုးရေရရှိရေး မယ်သိန်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ် ရာနှုန်းပြည့်တည်ဆောက်ပြီးဖြစ်





MNP - ဧပြီ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ လယ်မြေဧက(၁၂၀) စိုက်ပျိုးရေရရှိရေးအတွက် မယ်သိန်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

မိုင်းခုတ်မြို့ရှိ မယ်သိန်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(မီနီခြောက်လ)တွင် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သန်း (၅၀) ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိုင်းခုတ်မြို့ အမှတ်(၁)ရပ်ကွက်အတွင်း၌ရှိသော လယ်မြေဧက (၁၂၀)အတွက် စိုက်ပျိုးရေလုံလုံလောက်လောက် ပေးဝေနိုင်မည့်အပြင် ဒေသခံပြည်သူများအတွက် သောက်သုံးရေကိုလည်း ပေးဝေနိုင်တော့မည်ဖြစ်ကြောင်းနှင့်  ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက်လည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမှာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနက တာဝန်ယူထိန်းသိမ်းသည့် ရေလွှဲဆည်(၆)ခုရှိပြီး ကျိုင်းတုံမြို့နယ်ရှိ နမ့်လင်ရေလွှဲဆည်၊ နမ့်ကွတ်ရေလွှဲဆည်၊ ဒိုင်မိုလစ်ရေလွှဲဆည်၊ တာချီလိတ်မြို့နယ်ရှိ မိုင်းပါလျှိုးရေလွှဲဆည်၊ မိုင်းဆတ်မြို့နယ်ရှိ မယ်ဆတ်ရေလွှဲဆည်၊ ဆိုက်ခေါင်ရေလွှဲဆည်တို့ဖြစ်ကြောင်းနှင့် နှစ်စဉ်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ယဉ်ယဉ်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)