MNP - ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက် ဆုတောင်းပြည့် ကူကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့နှင့် လူကြီးလူငယ်လေးများပါဝင်၍ ရွှေတောင်မြို့နယ်အတွင်းရှိ သီလရှင် ဆရာကြီး၊ ဆရာလေးများ နှစ်(၃၀)ပြည့်နှစ် အကြိမ် (၆၀) မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့နှင့် မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့တို့တွင် တစ်နှစ်လျှင် နှစ်ကြိမ်သီလရှင်ဆရာကြီး ဆရာလေး (၂၅၀) ပါးဖြင့် ရွှေတောင် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်ဆွမ်းဆန်စိမ်းအလှူခံခဲ့ရာ နှစ် ( ၃၀) နှစ်ပြည့် အကြိမ်(၆၀) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment