Pages

Pages

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း


MNP ၊ ဧပြီ ၂၇

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဦးစီးဌာနဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းလျက်ရှိရာ  ယနေ့ နံနက် (၁၀)နာရီအချိန်က သထုံခရိုင်၊ပေါင်မြို့နယ်ကျိုက်ထီးရိုးလေးကျောင်း တိုက်တွင် ဆွမ်းဆန်တော် လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ဆရာတော်သံဃာတော်အပါး(၂၂)ပါး အတွက် ဆန်(၂၄)ပြည်အိတ်(၈) အိတ်  ကိုမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာန မိသားစုဝင်များဖြစ်ကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိုက်ထွန်းနှင့် ဒုမြို့နယ် အုပ်ချုပ်ရေး မှူး ၊ဒုတိယဦးစီးမှုးတို့က ကျိုက်ထီးရိုးလေးကျောင်းဆရာတော်ထံ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment