Pages

Pages

မရမ်းကုန်းမြို့နယ်တွင် သောက်သုံးရေ လိုအပ်သည့်နေရာများသို့ သွားရောက်လှူဒါန်း



MNP -  ဧပြီ    ၂၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေလိုအပ်သည့် နေရာများသို့ မရမ်းကုန်း မြို့နယ်ရှိ “ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း(ERSSDO)မှ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကူညီ လှူဒါန်းပေးခဲ့သည်။

အဆိုပါသောက်သုံးရေ ရေလိုအပ်ချက်များ ဖြစ်ပေါ်နေကြောင်း “ရွှေရောင်သမိုင်း” အသင်းရုံးသို့ ဆက်သွယ်အကူအညီ တောင်းခံသည့် နေရာများမှာ မရမ်းကုန်းမြို့နယ် အမှတ်(၇) ရပ်ကွက်၊ ရွာတန်းရှည်၊ ဦးလွန်းမောင်လမ်းသွယ်(၄)ရှိ လူနေအိမ်များဖြစ်ရာ အဆိုပါနေအိမ်များအတွက် သောက်သုံးရေများ ကူညီလှူဒါန်းခဲ့ပြီး ရေသယ်ယာဉ်နှင့်အရေးပေါ် လူနာတင်ယာဉ် လိုအပ်လျှင်လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းနှင့် အခမဲ့ ကူညီပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အေးအေးအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment