နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းလောင်းအသင်း၏ ၄၈၂၈ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းလောင်းအသင်း၏ ၄၈၂၈ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ


MNP - ဧပြီ    ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၄၈၂၈) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်းကို ၁၆.၈.၂၀၀၆ တွင် စတင် တည်ထောင်ခဲ့ ပြီးမြို့တွင်း ဘုန်းတော်ကြီးကျောင်းခုနှစ်ကျောင်းမှ သံဃာတော်အပါး တစ်ရာကျော် အား အရုဏ်ဆွမ်းများနေ့ စဉ်မပြတ်လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် အကြိမ်ရေ ၄၈၂၈ ကြိမ် လောင်းလှူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်     နှစ်ဖက်မိဘ၊ ဆရာသမား များအား ရည်စူးအမှူးထား၍ တောင်ရပ်ကွက်နေ ဦးဖိုးဇော်+ဒေါ်အေးသီမိသားစုနှင့် မြို့နယ်အတွင်း အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။

အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃာ့ဒါန ဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့ အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများ ရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှလှူ ဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာအရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ရှစ်သောင်းတိတိ လှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့် နေ့များတွင် သံဃာ့ဒါနဆွမ်းလောင်းအသင်းမှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)