Pages

Pages

(၅)ကြိမ်မြောက် ကဒါ မင်းတန်းကျောင်း မြတ်ဆရာပူဇော်ပွဲ ကျင်းပ




MNP ၊ ဧပြီ ၁၉

မွန်ပြည်နယ်၊သထုံသခရိုင်၊ပေါင်မြို့နယ်အတွင်းရှိပင်စင်ယူပြီးသက်ကြီးဆရာ၊ဆရာမများအား သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက ကဒါရပ်ကွက်အတွင်းရှိ ရာမညနိကာရကျောင်း၌ ပူဇော်ကန်တော့ပွဲကျင်းပခဲ့သည်။

ပူဇော်ကန်တော့ပွဲပြုလုပ်ရာတွင် နေ့ဆွမ်း အဖြစ်သံဃာအပါး (၄၀)  အားဆွမ်းကျွေးပြီး ဆရာတော်ကြီး၏ တရားတော်ကိုနာယူကြပြီး လှူဖွယ်ပစ္စည်းများကိုဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် အပူဇော်ခံဆရာ ဆရာမ များအား နှစ်အလိုက်ပူဇော်ကန်တော့ကြပြီး ဆရာ၊ဆရာမတစ်ဦးလျင် ငွေကျပ်(၂)သိန်း ခန့်ဖြင့် ဆရာ၊ဆရာမအယောက်(၂၃)ဦးအားပူဇော်ကန်တော့ခဲ့ကြောင်းသတင်းရရှိသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment