Pages

Pages

တပ်ကုန်းမြို့၌ မြေပြင်လူဦးရေစာရင်းများ ဖြည့်သွင်းနေမှုအား ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး လာရောက်ကြည့်ရှု

 



MNP - ဧပြီ  ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်နိုင်ရေးအတွက် မြေပြင်လူဦးရေ စာရင်းဖြည့်သွင်း ဆောင်ရွက်နေမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုနယ် မြေ တာဝန်ခံနှင့်တာဝန်ရှိသူများ ယနေ့နံနက်  ၁၁နာရီက လာရောက်ကြည့်ရှုခဲ့သည်။

ထိုသို့ကြည့်ရှုရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက  စာရင်းပြုစုခြင်း၊ စာရင်းဖြည့်သွင်းခြင်းလုပ်ငန်းမှန်ကန်အောင် စိစစ်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ပြီး ၊လူဦးရေစာရင်း စိစစ်ဖြည့်သွင်းခြင်းကို ဌာနဆိုင်ရာဝန်ထမ်း(၂၀)ဦး၊ ကွန်ပျူတာ အလုံး(၁၀)ဖြင့် နေ့စဉ်ဆောင်ရွက်နေကြာင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment