MNP - ဧပြီ ၃
ကျိုက်မရောမြို့နယ်အတွင်းရှိ အသက်တစ်နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကစ၍ အောင်သုခ ရပ်ကွက်ရှိ ကျန်းမာရေး ဆေးပေးခန်း၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးရာတွင် အသက်တစ်နှစ်အောက် ကလေးများမှစ၍ အသက်အရွယ်အလိုက် အသည်းရောင်အသားဝါ(ဘီ) ပြင်းထန်အဆုတ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ စသည့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာများတွင်လည်း သက်ဆိုင်ရာ နယ်မြေတာဝန်ခံ ကျန်းမာရေး ဝန်ထမ်းများက ကျေးလက်တောရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိနေကြောင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဆေးပေးခန်းများတွင် သွားရောက် ထိုးနှံနိုင်ကြောင်း အောင်သုခရပ်ကွက်ရှိ ကျန်းမာရေး ဌာနခွဲမှ ဘက်စုံသားဖွားဆရာမ ဒေါ်နီနီအေးထံမှ သိရသည်။
သတင်း - ချိုမြတ်မြတ်ထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment