Pages

Pages

တောင်ငူ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမမြောက်နေ့ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို


MNP - ဧပြီ    ၅

၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ပဉ္စမမြောက်နေ့အဖြစ် ရူပဗေဒဘာသာရပ်ကို တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုသည်။ တောင်ငူမြို့နယ်တွင် စာစစ်ဌာန ၉ ခု ဖွင့်လှစ်ထားပြီး ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၁၂၀) ဦးတွင် ပဉ္စမမြောက်နေ့ ရူပဗေဒဘာသာရပ်ကို (၁၉၁၂) ဦး ဝင်ရောက် ဖြေဆိုခဲ့ကြသည့်အတွက် ဖြေဆိုမှုရာခိုင်နှုန်း  ၉၀ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်၊  ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။

သတင်း - ဇော်ထက်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment