ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - ဧပြီ    ၅

မြန်မာသက္ကရာဇ်၁၃၈၃ခုနှစ်၊မဟာ သင်္ကြန်အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက အစိုးရသက်တမ်းကာလတွင် ပထမဆုံးအကြိမ် မဟာသင်္ကြန်အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက် ပြိုင်ပွဲဖြစ်သည့်အတွက် ကော်မတီများက အားလုံးဝိုင်းဝန်းကြိုးစားပေးကြရန်နှင့် ဆွေးနွေးပေးကြရန် ပြောကြားသည်။   

ဆက်လက်၍ မဟာသင်္ကြန်ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အတွင်းရေးမှူးများက ဆွေးနွေး တင်ပြကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာလုပ်ငန်း ကော်မတီများက တင်ပြဆွေးနွေးကြကာ အထွေထွေဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များပြန်လည်ဆွေးနွေး၍ နိဂုံးချုပ် စကားပြောကြားကြောင်း သိရသည်။

ထို့နောက် ၁၃၈၃ခုနှစ်တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဒုတိယအကြိမ် အစည်းဝေးကို ဆက်လက်ကျင်းပရာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးကြပြီး အထွေထွေ ဆွေးနွေး ကြကာ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး၍  နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)