Pages

Pages

ကျုံမငေးမြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး


MNP - ဧပြီ    ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုယနေ့နံနက် ၉ နာရီအချိန်တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျုံမငေးမြို့အဝင်/အထွက်ဂိတ်တွင် ကာကွယ်ဆေးထိုးနှံပြီးစီမှု စာရွက်စာတမ်း/ QRကုဒ် ပါရှိမှု ရှိ/မရှိ စစ်ဆေးပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံ‌ပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူ မည်သူ မဆို  လာရောက်ထိုးနှံနိုင်ကြာင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်ဦးတစ်ယောက်မကျန်ထိုးနှံနိုင်ရေးအတွက် အများပြည်သူသွားလာရာ  ကျုံမငေးမြို့ အဝင်/ထွက်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီနှင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကပူးပေါင်း၍ ကာကွယ်ဆေးကို အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဟိန်းထက်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment