Pages

Pages

သာကေတမြို့နယ် မြကန်သာဖျော်ဖြေရေးမဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစား



MNP - ဧပြီ    ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်း သည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၌ ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနိုင်ရန်အတွက် သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြကန်သာ‌ဖျော်ဖြေရေး မဏ္ဍပ်အား စီစဉ်ဆောင်ရွက်ထားရှိကာ မဟာသင်္ကြန်အကြိုနေ့ဖြစ်သည့် ယနေ့ နံနက်(၈)နာရီမှ စတင်ကာ နေ့လယ်(၁၁)နာရီအထိ မြကန်သာဖျော်ဖြေရေး မဏ္ဍပ်၌ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များ စီစဉ်ဆောင်ရွက်ထားရှိကာ ပြည်သူများမှ ပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။

အဆိုပါ သာကေတမြို့နယ် မြကန်သာ‌ ဖျော်ဖြေရေးမဏ္ဍပ်တွင် ညနေပိုင်း၌ ပြည်သူများ လွတ်လပ် ပျော်ရွှင်စွာ ရေကစားနိုင်ရန်အတွက် ညနေ(၄)နာရီမှ ည(၆)နာရီအထိ စီစဉ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

သတင်း - ဆောင်းနှင်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment