Pages

Pages

တပ်ကုန်းမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့်ထောက်ပံ့ငွေများ ပေးအပ်




MNP - ဧပြီ   ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဧပြီ ၂ဝရက်က ဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ဥတ္တရ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ဆန်ရိက္ခာနှင့်ထောက်ပံ့ငွေပေးအပ်ခြင်းကို ဧပြီ ၂၅ရက် နံနက် ၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ထိုထောက်ပံ့ပေးအပ်ရာတွင်  ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ  အဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းထင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးသူရဦးတို့က  မိုးသက်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ ထောက်ပံ့ပေးအပ်သည့်အခြေအနေများကို လေဘေးသင့်အိမ် ထောင်စုဝင်ပြည်သူများအား ရှင်းလင်း၍ အားပေးစကားပြောကြားခဲ့ပြီး၊လေဘေးသင့် အိမ် ထောင်စု (၂၂)စုအတွက် စုစုပေါင်းဆန်ရိက္ခာနှင့်ထောက်ပံ့ငွေကျပ် (၁၄၂၆၆၀၀)ကို လက်ဝယ် အရောက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment