မဟာသင်္ကြန်ကာလ ငပလီသို့ အပန်းဖြေခရီးသွားစည်ကားမှုကြောင့် သံတွဲလေယာဉ်ခရီးစဉ်များ ထပ်တိုးပြေးဆွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာသင်္ကြန်ကာလ ငပလီသို့ အပန်းဖြေခရီးသွားစည်ကားမှုကြောင့် သံတွဲလေယာဉ်ခရီးစဉ်များ ထပ်တိုးပြေးဆွဲ


MNP ၊ ဧပြီ ၁၁

မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်မှာဧပြီ ၉ ရက်မှ ၁၇ ရက်အထိ ကိုးရက်တာ အားလပ်ရက်ဖြစ်ရာ နှစ်သစ်ကူးမဟာသင်္ကြန်ကာလ၌ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများမှ ငပလီ၊ ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေ အပန်းဖြေခရီးသွားများ စည်ကားမှုကြောင့်သံတွဲလေယာဉ်ခရီးစဉ်များကို မူလခရီးစဉ်ပြေးဆွဲမှုထက် အခေါက်ရေ ၂၄ ခေါက် ထပ်တိုးပြေးဆွဲပေးလျက်ရှိသည်။

ရန်ကုန် - သံတွဲခရီးစဉ်ကိုAir KBZ ၏ ATR 72-600 လေယာဉ် များဖြင့် တစ်ပတ်ခုနစ်ကြိမ် နေ့စဉ်ပြေးဆွဲလျက်ရှိပြီး မန္တလေး-သံတွဲ လေကြောင်းခရီးစဉ်ကိုလည်း ၂၀၂၁ခုနှစ်နိုဝင်ဘာလမှစတင်၍ Tour Operators များနှင့် ညှိနှိုင်းမှုဖြင့် လိုအပ်ချက်နှင့်အညီ ပြေးဆွဲလျက်ရှိသည်။

မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်အတွင်းနှင့် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်မှ အတက်နေ့ ဧပြီ ၁၆ ရက်အထိပင်လယ်ကမ်းခြေတွင် အပန်းဖြေသူများနှင့် ဧပြီ၁၇ ရက် ရုံးပိတ်ရက် နောက်ဆုံးရက်မတိုင်မီ မိမိတို့နေရပ်သို့ ပြန်လိုသော အပန်းဖြေခရီးသွားများအတွက် လေယာဉ်ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲခြင်းဖြစ်ရာ ဧပြီ ၈ ရက်မှ ၁၈ ရက်အထိ သံတွဲခရီးစဉ်များကို အခေါက်ပို ၂၄ ခေါက်ထိ ထပ်တိုးပြေးဆွဲခြင်းဖြစ်သည်။

“ဒီရုံးပိတ်ရက် သင်္ကြန်ကာလမှာ ပင်လယ်ကမ်းခြေမှာ အပန်းဖြေ ကြတာများတယ်။ သံတွဲကို ပုံမှန်ခရီးစဉ်တွေအပြင် သင်္ကြန်ကာလမှာခေါက်ရေထပ်တိုးပြီး အပန်းဖြေခရီးသွားများကို ဝန်ဆောင်မှု ပေးနေပါတယ်” ဟု MAI လေကြောင်းလိုင်းမှ ကပ္ပတိန်ကျော်စိုးလှက ပြောသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) အနေဖြင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ခရီးသွားလိုအပ်မှုပေါ်မူတည်၍ ပြည်တွင်းခရီးစဉ်များသာမက ပြည်ပခရီးစဉ် များကိုလည်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ညိမ်းသူ ၊ ဓာတ်ပုံ - ကနူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)