Pages

Pages

လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်



MNP - ဧပြီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လေးမျက်နှာမြို့နယ် ဘုတ်ချောင်းအုပ်စု၊ ဇီးချောင်းကျေးရွာ ဆေးထိုးစုရပ်၌ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သောအဖွဲ့မှ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ များပူးပေါင်းကာ အဖွဲ့(၁၀)ဖွဲ့ခွဲ၍ ဆေးထိုးစုရပ်အသီးသီး၌ ဧပြီလကုန်ပိုင်းတွင် ရာနှုန်း ပြည့်ထိုးနှံပြီးစီးရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ဘုတ်ချောင်းကျေးရွာအုပ်စု ဇီးချောင်း ကျေးရွာဆေးထိုးစုရပ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သော အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ဆေးမထိုးနှံ ရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Synovia (Phase-9) ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ စုစုပေါင်း(၆၄)ဦးအားမှ ကာကွယ်ဆေးများ လာရောက်ထိုးနှံခဲ့ကြသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်အသီးသီးတွင်  ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကာ ကာကွယ်ဆေးမထိုးနှံရ သေးသူများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ချိတ်ဆက်ကာ လာရောက် ထိုးနှံနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်ဟိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment