Pages

Pages

သရက်ချောင်းမြို့ ရှင်ကိုးရှင် သမိုင်းဝင်ဆုတောင်းပြည့် ရှင်တောင့်ပုံစေတီတော်မြတ်ကြီးသို့ (လပြည့်နေ့) သင်္ကြန်အကြတ်ရက်တွင် ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်




MNP - ဧပြီ   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၏ အထင်ကရ ရှင်ကိုးရှင်သမိုင်းဝင် ဘုရားတစ်ဆူဖြစ်သော ရှင်တောင့်ပုံဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ (လပြည့်နေ့)မဟာသင်္ကြန် အကြတ်ရက်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမြော်ပြည်သူများဖြင့် စေတီတော်မြတ်ကြီးအတွင်း၌ ယမန်နေ့ နံနက်ပိုင်းမှစ၍ စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သရက်ချောင်းမြို့ရှိ အထင်ကရ ရှင်ကိုးရှင်သမိုင်းဝင် ဆုတောင်းပြည့်ရှင်တောင့်ပုံစေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်ရှိ မြို့ကြီးများမှ ရဟန်းရှင်လူပြည် သူများအနေဖြင့် အငှားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များဖြင့် ဘုရားဖူးလာရောက်ကြပြီး စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆွမ်းများကပ်လှူပူဇော်ခြင်း၊ တည်ငြိမ်အေးချမ်းစွာဖြင့် တရားဘာဝနာရှုမှတ်ခြင်း၊ ပျော်ရွှင်စွာ အမှတ် တရ မှတ်တမ်းဓါတ်ပုံများရိုက်ကူးခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်း ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

သမိုင်းဝင်ဆုတောင်းပြည့် ရှင်တောင့်ပုံစေတီတော်မြတ်ကြီးတွင် မဟာသင်္ကြန်ကာလအတွင်း နေ့/ည အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နန်းခလိုက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment