မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့်‌ အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့်‌ အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး

 


MNP - ဧပြီ   ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (၈.၀၀)နာရီအချိန်မှ စတင်၍ အမှတ်(၆)ရပ်ကွက်၊ ၃၈လမ်းနှင့် အနော်ရထာလမ်းထိပ်၌ ဆန်၊ဆီ၊ကြက်ဥများကို သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ပေါ်ဆန်းဆန်(၅)ပြည် တစ်အိတ်လျှင် ၈၅၀၀ကျပ်၊ ဆီ(၅၀)သားလျှင် ၂၇၀၀ကျပ်နှင့် ကြက်ဥ(၁၀)လုံး တစ်ကတ်လျှင် ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်ခေါင်းဆောင်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - ရွှေဇင်ခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)