Pages

Pages

ကျောက်မဲမြို့တွင် စစ်တုရင်ပြိုင်ပွဲကျင်းပ




MNP -  ဧပြီ   ၁၅

ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲခရိုင် ပြန်ကြားရးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အလွတ်တန်း စစ်တုရင်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ယင်းပြိုင်ပွဲသို့ ကျောက်မဲမြို့နယ်အတွင်းရှိ စစ်တုရင် ကစားသမား ၁၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရသူများအား တာဝန်ရှိသူများကပထမဆုကိုငွေတစ်သိန်း(၁၀၀၀၀၀/-)ကျပ်၊ ဒုတိယဆုကို ခြောက်သောင်း(၆၀၀၀၀/-)ကျပ်၊တတိယဆုကို လေးသောင်း(၄၀၀၀၀/-)ကျပ်၊ အတိုးတက်ဆုံးဆုကို ငွေနှစ်သောင်းခွဲ(၂၅၀၀၀/-)နှုန်းနှင့် ဆုဖလားတို့ကို အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မိုင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment