သစ်စိမ်းမြေဩဇာ (ပိုက်ဆဲလျှော်) မျိုးစေ့ကြဲပက်ပွဲနှင့် ပျိုးစေ့ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သစ်စိမ်းမြေဩဇာ (ပိုက်ဆဲလျှော်) မျိုးစေ့ကြဲပက်ပွဲနှင့် ပျိုးစေ့ပေးအပ်ပွဲကျင်းပ



MNP - ဧပြီ   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ မိုးစပါးစိုက်ပျိုးရာသီတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ စံပြဧက (၂၀၀)အဆင့်မြင့် လယ်ယာရှိ တောင်သူ ဦးအောင်ခိုင်ထွန်း၏ လယ်ယာမြေ၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးမြင့်အောင်က သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများဖြစ်သည့် ဓာတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ခြင်း၊ မြေဆီလွှာ၏ဓာတုနှင့် ဇီဝဂုဏ်သတ္တိများထိခိုက်မှု၊ ဓာတုဓာတ်ကြွင်းများ ကြောင့် လူနှင့်သတ္တဝါများ အသက်အန္တရာယ် ဆုံးရှုံးမှုကို ကျော်လွှားနိုင်ခြင်း၊ စိုက်ပျိုးသည့် သီးနှံပင်များတွင် ပိုးမွှာရောဂါကျရောက်မှု နည်းပါးခြင်းကြောင့် ပိုးသတ်ဆေး သုံးစွဲရန်မလိုခြင်း၊ ပေါင်းမြက်ပေါက်ပွားမှုကို လျော့နည်းစေခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းပေးခြင်း၊ စိုက်ပျိုးသီးနှံပင်များကိုသာမက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ထိန်းသိမ်းနိုင်ခြင်း၊ သီးနှံစိုက်ပျိုးရာသီမတိုင်မီ အချိန်တိုအတွင်း သစ်စိမ်းမြေဩဇာကို စိုက်ပျိုး၍ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ခြင်းဖြင့် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံပင်များအထွက် နှုန်းတိုးတက်မြင့်မားရေးကို အထောက်အကူ ပြုနိုင်ပုံများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တောင်သူများက သိရှိလိုသည် များနှင့်ပတ်သက်သည့် မေးမြန်းမှုများအား ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ မိုးစပါး စိုက်ပျိုးရာသီတွင် သဘာဝမြေဩဇာ အသုံးပြုစိုက်ပျိုးနိုင်ရန်အတွက် သစ်စိမ်း မြေဩဇာများအား တက်ရောက်လာသည့် တောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေးပြီး၊ တောင်သူ ဦးအောင်ခိုင်ထွန်း၏ လယ်ယာမြေ၌ သစ်စိမ်းမြေဩဇာများအား ကြဲပက် သရုပ်ပြသခဲ့ကြောင်း သိရသည်။

သတင်း - ထွန်းဇော်ထွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)