ကော့ကရိတ်မြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP - ဧပြီ    ၁၃

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်   ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ် ကွက် ဗိုလ်ချုပ်လမ်း မြို့မရဲစခန်းထောင့်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက နှစ်သစ်ကူး နှုတ်ခွန်းဆက စကား ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်တို့က ကော့ကရိတ်မြို့ ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ယိမ်းအကအဖွဲ့များအား အတာသင်္ကြန်ရေဖြင့် ပက်ဖျန်း ပေးခဲ့ကြပြီး ကော့ကရိတ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ယိမ်းအကအဖွဲ့များက မြူမှောင် ဝေကင်း သီချင်းဖြင့် စုပေါင်း၍ ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပညာရေးဌာန (ကိုယ်စားပြု)၊ အမှတ် (၂)ရပ်ကွက်၊ အမှတ် (၄)ရပ်ကွက်၊ အမှတ် (၇)ရပ်ကွက်နှင့် လှိုင်ဝကျေးရွာတို့မှ ယိမ်းအကအဖွဲ့များက ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ ကြသည်။

ကော့ကရိတ်မြို့ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်ကာလအတွင်း ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ  ယိမ်းအကအဖွဲ့များက  ယိမ်းအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား  ကော့ကရိတ်မြို့ ဗဟိုမဏ္ဍပ်ရှေ့ရှိ စတုဒီသာမဏ္ဍပ်၌ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)