Pages

Pages

မိုင်းခတ်မြို့နယ်၌ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ထိုးနှံပေးလျက်ရှိ




MNP - ဧပြီ   ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်၌ အသက်(၁၂)နှစ်အထက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကို ယနေ့နံနက်၉နာရီအချိန်က မိုင်းခတ်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှ သာကာကွယ်ဆေးကိုစနစ်တကျ ထိုးနှံပေးကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့် သူများမကျန်ရှိစေရေး၊ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် စနစ်တကျရှိစေရေးအတွက် အဖွဲ့များဖွဲ့စည်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သတ်မှတ်ထား‌သောနေရာများ၌ ထိုးနှံ‌‌ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့ထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment