MNP - ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများ အားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန် နေ့နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၁၀၂)ဦး၊ မြို့သာဇုံမှ (၂၅၅)ဦး၊ ငါန်းမြာဇုံမှ (၁၁)ဦး၊ ခြင်္သေ့လက်ဇုံမှ (၁၀၀)ဦး၊ သားကျင်ဇုံမှ (၂၅)ဦး၊ ဂျိုဇုံမှ(၆)ဦး၊ သံဘိုဇုံမှ (၁၁)ဦး၊ ရေလည်သောင်ဇုံမှ (၉၁၀)ဦးနှင့် ကုလားရွာဇုံမှ (၁၀၀)ဦး၊ စုစုပေါင်း (၁၅၂၀)ဦးနှင့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၂၉ရက်နေ့မှ ဧပြီ ၁၀ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ နဝမအသုတ် ပထမအကြိမ် (၁၂၀၃၆)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
သတင်း - သက်နောင်ဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment