Pages

Pages

နောင်ချိုမြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများမှ လုပ်အားရှင်များအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု



MNP - ဧပြီ   ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြိုနယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများမှ လုပ်အားရှင်များအားပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့် အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲ အချိန်က နောင်ချိုမြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူ ရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ စိုက်ပျိုးမွေးမြုရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများမှ တာဝန်ရှိသူများနှင့် အုပ်စုအုပ်ချုပ်ရေးမှူးတို့က လွတ်မြောက်လာသော လုပ်အားရှင်များအား ဆုံးမဩဝါဒစကား ပြောကြားခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအား ခရီးစရိတ်၊ စားစရိတ်များ ထောက်ပံ့ ပေးခဲ့သည်။

ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် ဟိုခို စိုက်/မွေး အတတ်သင်စခန်းမှ လုပ်အားရှင်-၆ဦး၊ ကုန်းစံစိုက်/မွေးအတတ်သင်စခန်းမှ လုပ်အား ရှင် ၅ဦး၊ လွင်ကြီး စိုက်/မွေး အတတ်သင်စခန်းမှ လုပ်အားရှင် ၁၇ဦး၊ ကြူအင်း စိုက်/မွေး အတတ်သင်စခန်းမှ လုပ်အားရှင် ၃ဦး၊ ဂယ်လောင် စိုက်/မွေး အတတ်သင်စခန်းမှ လုပ်အားရှင်  ၃ဦး၊ စုစုပေါင်း ၃၄ ဦးတို့အား လုပ်ထုံးလုပ်နည်း များနှင့်အညီ လွတ်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment