Pages

Pages

ပျဉ်းမနားမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့၌ စတုဒိသာလှူဒါန်းကြသူများ၊ ရေပက်ကစား ကြသူများဖြင့် စည်ကားလျက်ရှိ




MNP - ဧပြီ    ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတက်နေ့၌  ကန်တော်မင်္ဂလာရှမ်းကန်ပတ်လမ်းရှိ မြို့နယ်မဟာသင်္ကြန် စတုဒိသာအလှူ မဏ္ဍပ်တွင် စတုဒီသာလှူဒါန်းမှုများနှင့် ရေပက်ကစားကြသူများဖြင့် မဟာသင်္ကြန်အတက်နေ့အား ပျော်ရွှင်စွာ ဆင်နွဲလျက်ရှိသည်။

ထို့ပြင် မြို့နယ်အတွင်းရှိရပ်ကွက်အသီးသီးနှင့် ကျေးရွာများတွင်လည်း လူငယ်များ ပျော်ရွှင်စွာ ရေပက်ကစားမှုများနှင့် ဘုန်းတော်ကြီးကျောင်းများ၌လည်း မြန်မာ့ရိုးရာနှစ်ဦးကာလ ကုသိုလ် ကောင်းမှုပြုကြသူများ၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment