Pages

Pages

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်အဖွဲ့ဝင်များ အောင်လံမြို့သို့ ရောက်ရှိ၍ တွေ့ဆုံပွဲဆောင်ရွက်



MNP - ဧပြီ   ၂၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီ က အောင်လံမြို့သို့ ရောက်ရှိ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက တွေ့ဆုံပွဲသို့ တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက် ကျေးရွာအုပ်စုစာရေးဝန်ထမ်းများအား လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့ပြီး ဌာနဆိုင်ရာများ၏ တင်ပြချက် များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မျိုးသိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment