Pages

Pages

ပေါက်ခေါင်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်‌ရေး ပစ္စည်းများ ပေးအပ်


MNP - ဧပြီ   ၂၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပေါက်ခေါင်းမြို့နယ် အတွင်း ကျေးရွာအုပ်စုများရှိ နေအိမ်များ လေပြင်းများတိုက်ခတ်၍ အမိုးလန်နေအိမ်နှင့် ပြိုလဲနေအိမ် အိမ်ထောင်စုများအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဘိုးနှင့် ကယ်ဆယ်‌ရေးပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီခန့်က ပေါက်ခေါင်းမြို့နယ်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်တို့က ဧပြီလ ၁၉၊၂၀၊၂၁ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၁၂)အုပ်စုတို့တွင် အမိုးလန် အိမ်ခြေ (၃၈)လုံး လူဦးရေ (၁၅၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၈၀၀၀၀) ကျပ်နှင့်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၉၂၁၁၀၀)ကျပ် စုစုပေါင်း (၂၆၀၁၃၀၀) ကျပ်နှင့် ပြိုလဲအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ( ၁၆)မျိုး ပါ (၃) ပုံး၊ အိမ်ဆောက် ပစ္စည်းဘိုး  (၃)သိန်းကျပ်ကို လေဘေးသင့် အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment