MNP - ဧပြီ ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်ကာလတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီက အနောက်စု ရပ်ကွက်ရှိ မြို့အဝင်/အထွက်လမ်းဆုံ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီးဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အနောက်စုရပ်ကွက် မြို့အဝင်/အထွက် လမ်းဆုံနှင့် ကျွန်းပတ်လမ်းတစ်လျှောက် ဖြတ်သန်းမောင်းနှင်နေသည့် အနှေးယာဉ်မောင်းနှင်သူများ၊ အငှားယာဉ် မောင်းနှင်သူများနှင့် ကား၊ ဆိုင်ကယ်စသည့် မော်တော်ယာဉ်မောင်းများကို စစ်ဆေးပေး၍ နှစ်ဘီးဆိုင်ကယ် မောင်းနှင်သူများအား အရည်အသွေးမြင့်သော ဆိုင်ကယ်ဦးထုပ်များ သေချာစွာတပ်ဆင်မောင်းနှင် ကြရန်၊ နှစ်ဦးထက်ပို၍ သယ်ဆောင်မောင်းနှင်ခြင်း မပြုကြရန်၊ ရှေ့မီးအနိမ့်ဖွင့်၍ နေ့ရောညပါ မောင်းနှင်ကြရန်၊ ဆိုင်ကယ်အား စက်သံဆူညံစွာ မောင်းနှင်ခြင်းမပြုကြရန်၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် စနစ်တကျ မောင်းနှင်ကြရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လေးထားဆောင်ရွက်ကြရန် စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - သိန်းဖေ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment